Tuesday, July 24, 2012 မြူဆိုင်းတောင်တန်း၊တိမ်ခိုးဝိညာဉ် ကုန်ခဲ့တဲ့ မနက်ခင်းကို မိမိဘာသာကျေနပ်မိတာကတော့ အမှန်တကယ်ဖြစ်သည်။ သမီးအကြီး ပူဆာထားသမျှ ယခုမိမိပို့လိုက်သောငွေဖြင့်သီတင်းကျွတ်အမှီဝယ်ရင်း ပြုံးနေသောသမီးကိုမြင်ယောင်ရင်း ပီတိဖြင့် ပေါ့ပါးလန်းဆန်းသွားသလိုခံစားရသည်။ အမှန်တော့ ဒီနေ့အိပ်ယာမှမထချင်လောက်အောင် ခေါင်းတွေနောက်နေတာပိုဆိုးနေ သလိုထင်ရသည်၊အခါတိုင်းတိုးနေကြသွေးတိုးက ဒီမနက်မှ ပိုဆိုးနေသလိုပင်၊မနေ့ည က အလုပ် အချိန်ပိုဆင်းတာ အရမ်းနောက်ကျသွားလို့လည်းဖြစ်မည်ထင်၏။ဒါပေမည့် လည်း အိပ်ယာကအားတင်းထလိုက်တော့ လည်း အရင်နေ့တွေကလိုပင် ရေချိုးလိုက် သည်နှင့် လန်းဆန်းသွားစမြဲ၊ဒါနှင့်မနက်ခင်း အေ၇ာက်ပေါက်နည်းသော မြို့သို့သွား ကားမှတ်တိုင် ဖက်စောစော လမ်းလျှောက်ထွက်၇င်း အမှတ်တမဲ့ ဂရုမပြုမိခဲ့သော ကားဂိတ်နှင့် မျက်နှာချင်းဆိုင်အရပ် တောင်တန်း စိမ်းညို့ညို့ အနောက်ကွယ်မှ နေရောင် တန်းများ စီးဆင်းလာသည်ကို သတိပြုမိရင်း လွန်ခဲ့သော ၁၀ နှစ်ကျော် ကာလ မိမိမြင်ခဲ့သော ဒီတောင်တန်း၏ သစ်တောတို့ ယခုခါ ကျဲပါးစွာသာကျန်တော့ သည်ကို သတိရမိသည်၊ဘာဖြစ်ဖြစ် နေရောင်ခြည် သည် သစ်တောများကြားဖြတ် ...