Skip to main content

Tuesday, July 24, 2012


မြူဆိုင်းတောင်တန်း၊တိမ်ခိုးဝိညာဉ်

ကုန်ခဲ့တဲ့ မနက်ခင်းကို မိမိဘာသာကျေနပ်မိတာကတော့ အမှန်တကယ်ဖြစ်သည်။
သမီးအကြီး ပူဆာထားသမျှ ယခုမိမိပို့လိုက်သောငွေဖြင့်သီတင်းကျွတ်အမှီဝယ်ရင်း
 ပြုံးနေသောသမီးကိုမြင်ယောင်ရင်း ပီတိဖြင့် ပေါ့ပါးလန်းဆန်းသွားသလိုခံစားရသည်။
အမှန်တော့ ဒီနေ့အိပ်ယာမှမထချင်လောက်အောင် ခေါင်းတွေနောက်နေတာပိုဆိုးနေ
သလိုထင်ရသည်၊အခါတိုင်းတိုးနေကြသွေးတိုးက ဒီမနက်မှ ပိုဆိုးနေသလိုပင်၊မနေ့ည
က အလုပ် အချိန်ပိုဆင်းတာ အရမ်းနောက်ကျသွားလို့လည်းဖြစ်မည်ထင်၏။ဒါပေမည့်
လည်း အိပ်ယာကအားတင်းထလိုက်တော့ လည်း အရင်နေ့တွေကလိုပင် ရေချိုးလိုက်
သည်နှင့် လန်းဆန်းသွားစမြဲ၊ဒါနှင့်မနက်ခင်း အေ၇ာက်ပေါက်နည်းသော မြို့သို့သွား
ကားမှတ်တိုင် ဖက်စောစော လမ်းလျှောက်ထွက်၇င်း အမှတ်တမဲ့ ဂရုမပြုမိခဲ့သော
ကားဂိတ်နှင့် မျက်နှာချင်းဆိုင်အရပ် တောင်တန်း စိမ်းညို့ညို့ အနောက်ကွယ်မှ
 နေရောင် တန်းများ စီးဆင်းလာသည်ကို သတိပြုမိရင်း လွန်ခဲ့သော ၁၀ နှစ်ကျော်
ကာလ မိမိ​မြင်ခဲ့သော ဒီတောင်တန်း၏ သစ်တောတို့ ယခုခါ ကျဲပါးစွာသာကျန်တော့
သည်ကို သတိရမိသည်၊ဘာဖြစ်ဖြစ် နေရောင်ခြည် သည် သစ်တောများကြားဖြတ်
သန်း ရခြင်းထက် ဒီမြို့လေးဆီသို့အတားအစီး နည်းပါးစွာ ဖြင့် နံနက်အစောပိုင်း
တွင် လာရောက်နိုင်ပေစွ၊ နောက်ပြီး ... လွမ်းမောစရာကောင်းသော ယခင် ၁၀ 
နှစ်ကျော် ကာလက သစ်ပင်တန်းကြား မှနေရာင်ခြည်အလင်းတန်း အောက်တောင်
ခြေမှ မြူငွေ့ဆိုင်းတောင်ခြေ၊အရာရာသည်ဝိညာဉ်ဆန်စွာ၊ပြာလဲ့လဲ့ မြူဆိုင်းမြင်
ကွင်း၊ မလွမ်းတတ်သောမိမိ အကြိမ်ကြိမ်မျက်ရည်ကျရင်း မိမိဘာသာ အလွမ်းဟု
အသိအမှတ်မပြုသောအလွမ်း တို့ဖြင့် လွမ်းစရာ ယခုမလိုတော့၊ကောင်းလေစွ။
အလို..ကံကောင်းလို့ ကား နံပါတ် U ၄၁-Rapid KL စိတ်ထဲမှ ကျိတ်ရေရွတ်
ရင်း ကားနံပါတ်ကိုဖတ်လိုက်ရင်း မိမိဘာသာမိမိ၏အတွေးစကိုအပြတ်ကျိတ်
တင်လိုက်သည်၊ ယခု ကားလွတ်သွားရင် ဖြင့် အနည်းဆုံးနာရီဝက် နေမှ
နောက်တစ်စီးရနိုင်မည်၊ ဒီနေ့က အခြေခံအလုပ်သမားရုံးပိတ်ရက် နောက်ပြီး 
လစာထွက်ပြီးပထမဆုံးသောအပါတ် မြို့က မြန်မာဆိုင်တွေဆီ စောစောရောက်
သွားရန်လိုသည်။နို့မဟုတ်ပါက ငွေလွှဲကောင်တာတွင်တန်းစီပေတော့၊ ကားခ
ငွေအား စက်ထဲ့ထည့်ပြီး လက်မှတ်ယူအပြီး ကားအနာက်ထဲ မျက်လုံးဝေ့ကြည့်
လိုက်သည်။
ထိုင်စရာမရှိ လူအပြည့်၊အများစုသည် နိုင်ငံခြားသမားအလုပ်သမားများချည်းသာ၊
အမှန်တော့ မိမိသည် သိပ်ပြီး မတ်တပ်မရပ်ချင်လှ ကားမှတ်တိုင်အလာလမ်း
လျှောက်လာကတည်း ခေါင်းပြန်မူးချင်သလိုလို ဖြစ်နေသည်။ကားမောင်းဆရာ
၏နောက် လက်တန်းကိုလက်လှမ်းကိုင်ရင်း အနားမှာပဲရပ်နေလိုက်တော့မည်။
အနောက်မှလူများက လမ်းပိတ်ရပ်နေသောမိမိအားမည်တွန်တောက်တည်းရင်း
တိုးဝှေ့ပြီး မိမိအားကျော်၍အနောက်သို့ဝင်သွားသည်ကို အားနာစွာတောင်းပန်
စကားဆိုရင်း မသိလိုက်ဘာသာ ဆက်ရပ်နေလိုက်သည်။ခဏအကြာ ကား
မောင်းဆရာက မိမိအား တခုခုပြောရန် မိမိအားလှည့်ကြည့်ပြီး မှ ဘာစိတ်
ကူးပေါက်သွားသည်မသိပြန်လှည့်ရင်း ၎င်း၏ကားကိုသာတွင်တွင်ဆက်
မောင်းနေတော့သည့်။ကားသည် မိုးပျံကားလမ်းများပေါ်ဖြတ်အသွား ယာဉ်
သွားလမ်း မြေနေရာရှားပါးမှု့ကြောင့် မိုးပျံကားလမ်းများ အကြောင်း၊ဤ
လမ်းများနှင့် တပြေးညီဖြစ်သော မိုးပျံအဆောက်ဦးများ၏ပြူတင်းပေါက်
များအကြောင်း၊၀ိုးတ၀ါး မြင်နေရသောအထပ်နိမ့်အိမ်ယာများအကြောင်း၊
အကယ်၍သာ ကမ္ဘာမြေကြီး၌ ဒီမိုးပျံလမ်းများ ယခုထက်ပိုများပြီးလမ်းများနှင့်
သာကမ္ဘာကိုဖုံးအုပ်လာလျှင် မိမိတို့သည် ငယ်ငယ်တုံးက သင်ခဲ့ဖူးသော
ကျောက်ခတ်က လူတွေနှင့်အတူတူသာပြန်ဖြစ်သွားနိုင်သည်ဆိုသည်ကို
မိမိဘာသာပြုံးမိသည်၊မဆီဆိုင်သော နောက်ပြန်အတွေးများရယ်လို့တွေး
မဆုံးခင်၊ကားနောက်ကြည့်မှန်ဖက်မျက်စိတစ်ချက်အဝေ့...အလို..ငါ့ခေါင်း
က ဆံပင်တွေတော်တော်ဖြူနေပါယော့လား၊ဆံပင်တို့အနည်းငယ်ရှည်
နေလို့သာ ခဲရောင်ဆံပင်ဟုထင်နေရတာ၊အတိုသာဆိုလျှင် အဖြူတွေ
ကတစ်ခေါင်းလုံးအပြည့်ဖုံးနေမှာအမှန်ပင်၊အင်း...မှန်မကြည့်ဖြစ်တော့
သော ကာလတို့လည်း မိမိဘာသာ မမှတ်မိနိုင်တော့ပြီ၊
ကြာလှပြီဆိုတာတော့ကျိန်းသေတာအမှန်ပင်။ဘတ်စ် ကားမောင်းနေ
သော ဆရာကတော့မိမိကြည့်နေသော မှန်ထဲမှမိမိအားမသိမသာ အကဲ
လှမ်းလှမ်းခပ်နေတတ်သည်ဆိုတာကိုလည်းသတိပြုမိသည်။မိမိလက်
အားတစ်စုံတစ်ယောက်မှ လှမ်းတို့ရင်း..ဆင်းမှာလား KL ဂိတ်ဆုံးမှတ်
တိုင်ရောက်နေပြီလေ၊မဆင်းရင်လည်း လမ်းဖယ်ပေး...ဆိုမှ မိမိဆင်းရ
မည့် ဂိတ်ဆုံးမှတ်တိုင်ရောက်နေပြီကိုသတိပြုမိမိသည်။
အကိုလေး..ဒီနေ့ ငွေဘယ်ဈေးလည်း။ xxx ...xxx ။ မနေ့ကထက်တောင်
၎ ကျပ်ကျသွားတယ်နော်။ ......... ၄ သိန်းဆိုရင်..xxxx... ၊ငါ့အတွက်
ဒီတစ်လ အသုံးစရိတ် ၈၀ ပဲကျန်မှာ၊မတတ်နိုင် ..အောက်ထပ်က
ကိုသိန်းဆီက နည်းနည်းလှည့်သုံးဖို့ပြောရမှာပဲ။နောက်လတွေတော့
ပို့နိုင်ဖို့မလွယ်သေးပါဖူးလေ။ဟာ...ကိုသိန်းဆိုလို့...သူမှာလိုက်တဲ့
မြန်မာ အကြောဆေးဝယ်ဖို့ အခုမှသတိရသည်။ပဲအီကြာလည်းတစ်
ပွဲလောက်စားရင်း လ္ဘက်ရည်ကျကျဆိမ့်ဆိမ့်လေးလည်း.. ဘာဖြစ်ဖြစ်
အိပ်ကပ်ထဲကအကြောင်းမေ့ထားပြီးသောက်ဦးမှပါ၊ အချိန်ကစောပေ
မယ့် လူကတော့အများသား မြန်မာအစားသောက်ဆိုင်ပေမယ့် လူအမျိုး
စားတော်တော်စုံလင်သည်။အားလုံးက လ္ဘက်ရည်အီကြာကွေးကိုအဓိက
စားရင်း မိမိနားမလည်းသောဘာသာစကားများနှင့် သူတို့အချင်းချင်း တီး
တိုးစကားဆိုနေကြရင်း နံနက်ခင်းကို အသက်သွင်းနေကြသည်။အိမ်ပြန်
ရာက် တရေးလောက်အိပ် ညနေပိုင်း အိပ်ယာနိုးလျှင်..
၁။ကိုသိန်းထံပိုက်ဆံချေးရန်။၂။ကြက်ဥ အလုံး ၃၀ တစ်ကဒ်၊ဆီ ၂ ထုတ်၊
ဆန် ၂၅ ကီလို၊၀ယ်ရန်။၃။အ၀တ်အစားများလျှော်ရန်။ပြီးလျှင် ..သမီးအား
ဖုန်းဆက်ပြီး အဖေ ငွေပို့လိုက်ကြောင်း၊သမီးလေးလိုချင်တာဝယ်ဖို့၊ကျန်း
မာရေးဂရုစိုက်ဖို့၊သမီးအမေအားဝိုင်းကူဖို့၊စာကြိုးစားဖို့၊....ဖို့၊...ဖို့၊...ဖို့။
ဘာဖြစ်ဖြစ် မိမိအသက်သည် သမီးလေး၊သမီးလေးသည် မိမိအနာဂတ်၊ခွန်
အား။သမီးသည် အနာဂတ် လူ့လောက၏
ထိုက်တန်သော နေရာတစ်နေရာ တွင် တင့်တယ်စွာရှိနေရမည်။
မိမိနားလည်သော ဘ၀ဆိုသည်မှာ မျိုးဆက်ပေါင်းများစွာဖြင့်
မျိုးရိုးတန်ဖိုးကို တဖြည်းဖြည်းမြှင့်တင်သွားရသောအရာ၊သူရဲကောင်းဆန်
သော ပုံပြင်ဆန်သော နတ်ရေကန်ထဲပြစ်ချခံလိုက်ရသလို ဘုရင်ဘဝ
တန်းရသောခေတ်၊အိပ်နေစဉ် ဖုတ်သွင်းရထားဆိုက် ၍ ရှင်ဘုရင်ဖြစ်
သွားသော၊ သိန်းရာထောင်ချီပြီးထီပေါက်ချမ်းသာ သွားသော ဘ၀၊
ထိုထိုသော ဘ၀များနှင့်မိမိပိုင်ဆိုင်ထားသောဘ၀ သည်ဆန့်ကျင်ဖက်။
အေးစက်စက်လ္ဘက်ရည်အား အပြီးသတ်သောက်ပြီးထိုင်ရာမှထလိုက်သည်။
အိုး....မိမိမြင်ကွင်းထဲသို့ မိမိထိုင်နေသော စားပွဲခုံနှင့် လ္ဘက်ရည်ပန်းကန်၊
အီကြာကွေးပန်းကန် တို့ ကန့်လန့်ဖြတ်ပြေးဝင်လာကြသည်ကို လက်နှင့်
တားဆီးလိုက်သည်။မိမိလက်တို့သည် 
ထိုစားပွဲခုံနှင့်ထိသည်ဟုမခံစားရ၊မိမိ၏အင်အားတို့သည်ဆုတ်ယုတ်နေကြ
သည်။အစောပိုင်းကကြားနေရသော ၀န်းကျင်မှ စကားသံတို့သည်လည်း
ဘာကြောင့်များလျှပ်တစ်ပြက် တိတ်ဆိတ်ကုန်ကြပါလိမ့်။

                                                                                                                                          ဆက်ရန်........

Comments

My pleasure

Exploring The Nature

Just Take a look if You have Chances. ...